■ သက်သာတဲ့ဈေးအတွက် တန်းစီကြသူများနဲ့ ဆီဈေးနှုန်း ထိန်းဖို့ အလုပ်ဖြစ်နိုင်မလား
■ " အခုဆိုင်တွေမှာ ရောင်းပေးနေတာက သူတို့ရတဲ့ခွဲတမ်းထဲက ရောင်းပေးတာ။ ဆိုပါတော့-တစ်ဆိုင်ကို ပိဿာ ၅၀ ခွဲတမ်းရရင် အဲဒါကိုပဲ ရောင်းပေးတာ။ တစ်ယောက်ကို ၅၀ သားဆိုတော့ လူ ၁၀ဝ စာပဲရှိမယ်။ ဆိုင် တွေမှာတန်းစီနေတဲ့လူတန်းက အနည်းဆုံး လူ ၃၀ဝ လောက်ရှိမယ်။ ဆိုင်တွေက သူတို့ ရောင်းနိုင်တဲ့ပမာဏကို တိုကင်လေးလုပ်ပေး တယ်။ မနက်စောစောထ တန်းစီ၊ တိုကင်ရ အောင်ယူ တိုကင်ရရင် ဆီ ၅၀ သားရမယ်၊ တိုကင်မရလိုက်ရင် ဆီမရတာ့ဘူး။ တကယ် က အဲဒါက အဖြေမဟုတ်ဘူးဗျ လိုသလောက်ကို သတ်မှတ်ဈေးနဲ့ စိတ်ကြိုက်ဝယ်ယူခွင့်ရှိမှပဲ ဈေးကကျ လာမယ်။ မဟုတ်ရင် ခွဲတမ်းကိုပဲ သတ်မှတ်ဈေးနဲ့ရောင်းမယ်။ တိုကင်မတန်းစီ နိုင်တဲ့သူ အပြင်ပေါက်ဈေးနဲ့ ဝယ်ရမယ်။ဒါ ပဲ " ဟု ကုန်စုံဆိုင် လုပ်ငန်းရှင်တစ်ဦးကပြောသည်။
■ ■ဆီဆိုင်များမှ တန်းစီစ နစ်ဖြင့် ဝယ်ယူချိန်တွင်သာ စားအုန်းဆီတစ် ပိဿာ ကျပ် ၄၈၀ဝ ဝန်းကျင်ဖြင့် ရရှိပြီး ပြင် ပမှောင်ခိုဈေးကွက်တွင်မူ တစ်ပိဿာ ကျပ် ၈၀ဝ၀ ဝန်းကျင်ဖြင့် ဝယ်ယူနေရသည်။အချို့ မှာမူ ဝယ်၍မရသည့်အခြေအနေများပင် ရှိ နေကြောင်း သိရသည်။ယင်းအခြေအနေများကြောင့် လတ်တ လောစားအုန်းဆီဈေး ကျဆင်းရေး အစီအ မံများထက် ရေရှည်တွင် သတ်မှတ်ရည် ညွှန်း ဈေးဖြင့် စိတ်ကြိုက် လိုသလောက်ဝယ်ယူ ရရှိနိုင်ရန် ပြည်သူများက မျှော်လင့်နေကြ ခြင်းဖြစ်သည်။