ကင်ဂျုံအွန်၏ ရုရှားခရီးစဉ် ပြီးဆုံးပြီးနောက် မြောက်ကိုရီးယားသို့ ပြန်လည်ထွက်ခွာလာပြီဖြစ်ပြီး သမ္မတပူတင်ကို ကျေးဇူးတင်ကြောင်း ပြောကြား
စစ်လက်နက်ကိစ္စအတွက် အဓိကဦး တည်လျက် ရုရှားသို့ ခြောက်ရက်ကြာ သွား ရောက်ခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအွန်သည် မြောက်ကိုရီးယားသို့ ပြန်လည်ထွက်ခွာလာစဉ် ခေါင်းဆောင်ကင် က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို လှိုက် လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။