ထိုင်းနိုင်ငံ စံခလဘူရီမြို့ ဝင်းကကျေးရွာရှိ နေအိမ်တစ်အိမ်သို့ ပေးပို့လာသည့် ပါဆယ်ပုံးအတွင်းမှ သေနတ် ကျည်ဆံများ တွေ့ရှိသဖြင့် ၎င်းနေအိမ်ရှိ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦး ဖမ်ဆီးခံရ
မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့ တစ်ဖက်ခြမ်းရှိ ထိုင်းနိုင်ငံရှိ စံခလဘူရီမြို့ ဝင်းကကျေးရွာနေ မွန်အမျိုးသမီးတစ်ဦးထံသို့ စက်တင်ဘာ (၁၆) ရက်နေ့ညပိုင်းက ကယ်ရီကားဖြင့် ပေးပို့သောပါဆယ်ပုံးအတွင်းမှ ခွင့်ပြုချက်မဲ့ကျည်ဆံများတွေ့ရှိသည်ဟု ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရသိရှိရသည်။