အမေရိကန်၊ ယူကရိန်းတို့နှင့်ပတ်သက်၍ တရုတ်နှင့် သဘောထားချင်းတူညီသည်ဟု ရုရှား ပြောကြား
အမေရိကန်ပြည်ထောင်စု၊ ယူကရိန်း ပဋိပက္ခကို ဖြေရှင်းရေးတို့နှင့် ပတ်သက်၍ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် သဘောထားအမြင်ချင်း တစ်ထပ်တည်းနီးပါး တူညီနေသည်ဟု စက်တင်ဘာ ၁၈ ရက်က နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တွေ့ဆုံပြီးနောက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။