ကရင်ပြည်နယ် ဘားအံမြို့နယ် နောင်ကျန်ကျေးရွာအုပ်စု၊ ဂူဝကျေးရွာအနီး ဝါးဘိုးတော နှင့် ဘုရင့်ညီဂူကြား ဘားအံ - သထုံ ကားလမ်းရှိ တံတားတစ်စင်းမှ စက်တင်ဘာ ၂၂ ရက်မနက်အစောပိုင်းအချိန်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။