ကျိုက္ခမီမြို့ မီးပြတိုက် အနီး ပင်လယ်ဝ ၌ ငါးဖမ်းစက်လှေနှစ်စီးပွတ်တိုက်မိခဲ့ပြီး စက်လှေတစ်စီး နစ်မြုပ်ကာ လှေလုပ်သားတစ်ဦးသေဆုံး
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ မီးပြတိုက်အနီး ပင်လယ်ဝ၌ စက်တင်ဘာလ (၂၄) ရက် မွန်းလွဲ ပိုင်းက ငါးဖမ်းစက်လှေနှစ်စီးပွတ်တိုက်မိခဲ့ရမှ စက်လှေတစ်စီးနစ်မြုပ်ကာ လှေလုပ်သားတစ်ဦးသေဆုံးခဲ့ပြီး လှေလုပ်သားတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။