ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အိမ်နီးချင်းနိုင်ငံများအကြား သာမန်လုပ်ရိုးလုပ်စဉ်သာဖြစ်ကြောင်း မြောက်ကိုရီးယား ပြောကြား
ခေါင်းဆောင်ကင်ဂျုံအွန် ရုရှားသို့သွား ရောက်ခဲ့ပြီးနောက် မြောက်ကိုရီးယားနှင့် ရု ရှားနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုများကို ဝေဖန်ခဲ့သည့် တောင်ကိုရီးယားသမ္မတ ယွန်း ဆော့ယိုကို မြောက်ကိုရီးယားက စက်တင်ဘာ ၂၅ ရက်တွင် ပြင်းထန်စွာဝေဖန်ခဲ့ပြီး အိမ်နီး ချင်းနိုင်ငံအချင်းချင်း ရင်းနှီးသော ဆက်ဆံ ရေးရှိခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ် သည်ဟုလည်း မြောက်ကိုရီးယားကပြောကြား ခဲ့သည်။