(၆၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အထွေထွေညီလာခံဖွင့်ပွဲအခမ်းအနားသို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့တက်ရောက်
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)ရဲ့ (၆၇)ကြိမ်မြောက် အထွေထွေ ညီလာခံ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်က ဩစတြီးယားနိုင်ငံ၊ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာမှာ ကျင်းပခဲ့ပြီး ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။