ရေးမြို့ရှိ မြဝတီဘဏ်ကို လက်နက်ကိုင်များက လာရောက်ပစ်ခတ်မှုဖြစ်ပွားပြီး ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးနှင့်လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး သေဆုံး
မွန်ပြည်နယ် ရေးမြို့မှာရှိတဲ့ မြဝတီဘဏ်ကို စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က လက်နက်ကိုင် တွေ လာရောက်ပစ်ခတ်ခဲ့ရာ ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း မြို့ခံတွေထံက သိရပါ တယ်။