ပိုင်ဆိုင်မှု အငြင်းပွားနေသော ကျောက်တန်း၌ ပြဿနာဖြစ်လာအောင် လုပ်ဆောင်ခြင်းမပြုရန် ဖိလစ်ပိုင်နိုင်ငံကို တရုတ်က သတိ ပေး
ဖိလစ်ပိုင်နိုင်ငံသားတွေ အစဉ်အလာငါးဖမ်းရာနေရာဖြစ်တဲ့ အငြင်းပွားကျောက်တန်းမှာ ဖိလစ်ပိုင်သားတွေကို တားဆီး ဖို့ တရုတ်ကချထားတယ်ဆိုတဲ့ ရေပေါ်တားကို မိမိတို့ ဖယ်ရှားလိုက်တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ပြောကြား လိုက်ပြီးနောက် ဖိလစ်ပိုင်အနေနဲ့ ပြဿနာဖြစ်လာအောင် ဆွပေးခြင်းမပြုဖို့ စက်တင်ဘာ ၂၆ ရက်က တရုတ်နိုင်ငံက သတိပေး ပြောကြားလိုက်ပါတယ်။