Huawei ဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ကျိုးကို အမေရိကန်နိုင်ငံသို့ လွှဲပြောင်းမည့် ကြားနာမှုကို ကနေဒါအစိုးရခွင့်ပြု
ကနေဒါအစိုးရဟာ Huawei နည်းပညာကုမ္ပဏီဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ကျိုး ကိုအမေရိကန်နိုင်ငံ ဆီလွှဲပြောင်းမယ့် အစီအစဉ်ကိုမတ်လ ၁ ရက်နေ့ကခွင့်ပြုခဲ့တယ်လို့ သိရပြီးတရုတ်အစိုးရကတော့ အဲဒီလုပ်ရပ်အပေါ် ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။