ငါးဆယ်ကျပ်တန်နှင့် တစ်ရာကျပ်တန် ငွေစက္ကူများအား တရားဝင်ငွေအဖြစ်မှ ရပ်စဲကြောင်း အမိန့်စာများသည် သတင်းတုများ ဖြစ်ကြောင်း နစက ထုတ်ပြန်
ငါးဆယ်ကျပ်တန်နှင့် တစ်ရာကျပ်တန် ငွေစက္ကူများအား တရားဝင်ငွေအဖြစ်မှ ရပ်စဲကြောင်း အမိန့်စာများသည် သတင်းတုများ ဖြစ်ကြောင်း နစက ထုတ်ပြန်
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ၅၀ ကျပ်တန်နဲ့ ၁၀၀ ကျပ်တန် ငွေစက္ကူတွေကို တရားဝင်ငွေအဖြစ်ကနေ ရပ်စဲကြောင်း ကြေညာချက်တွေဟာ အမိန့်စာအတုတွေ ဖြစ်ကြောင်း ဒီကနေ့ စက်တင်ဘာ ၃၀ ရက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားပါတယ်။