မန္တလေးနန်းတွင်းအရေးတော်ပုံတွင် စီရင်ခံခဲ့ရသော မင်းတုန်းမင်းတရားကြီး၏ဒုတိယမြောက်ဆောင် တော်မိဖုရားကြီးနှင့် မင်းသား ၄၀ ကျော်တို့အားရည်စူး၍ ဆုတောင်းအမျှပေးဝေမှုပြုလုပ်
ရတနာပုံခေတ် ၁၂၄၀ ခုနှစ် တပို့တွဲလပြည့်ကျော် ၁၁ ရက်နှင့် ၁၂ ရက်တို့မှာ မန္တလေးနန်းတွင်းရေး အရှုပ်တော်ပုံနဲ့ ပါတ်သက်ပြီး စီရင်ဖျောက်ဖျက်ခြင်းခံခဲ့ရတဲ့ မင်းမျိုး၊မင်းနွယ်များအား ဆုတောင်းအမျှပေးဝေမှုကို မတ် ၂ ရက် မနက်ပိုင်းက မန္တလေးမြို့ရှိ ဝေပုလ္လာရာမ မက္ခရာကျောင်းတိုက်မှာ မင်းတုန်းမင်းတရားကြီးရဲ့ အနွယ်တော်တွေက ပြုလုပ်ခဲ့ကြပါတယ်။