နစကဥက္ကဋ္ဌနှင့် NCA ရေးထိုးခဲ့သည့် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့တဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင် (KNU ဥက္ကဋ္ဌဟောင်း) စောမူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့တို့ စက်တင်ဘာ ၃၀ ရက်က နေပြည်တော်မှာရှိတဲ့ ဘုရင့်နောင်ရိပ်သာ ဧည့် ခန်းမဆောင်မှာ တွေ့ဆုံခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။