ရွာစဉ်လှည့်ရေခဲချောင်းရောင်းသည့် ဈေးသည်တစ်ဦး မူဆယ်မြို့နယ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာအုပ်စု၊ ကောင်းဝိန်းရွာအဝင်မှာ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က ရွာစဉ်လှည့်ရေခဲချောင်းရောင်းတဲ့အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။