ပို့ကုန်ရောသွင်းကုန်ပါ လျော့ကျနေသော မြဝတီနယ်စပ်စခန်းမှ ငါးလနှင့်ရက် ၂၀ အတွင်း အမေရိကန်ဒေါ်လာ ၇၅၈ ဒသမ ၆၄၆ သန်း ကုန်သွယ်နိုင်ခဲ့
ထိုင်းနိုင်ငံနဲ့ အဓိကကုန်သွယ်မှုပြုနေတဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကနေ အခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ စက်တင်ဘာလ ၂၂ ရက်နေ့ထိ ၅လ နဲ့ ၂၀ ရက်အတွင်း အမေရိကန်ဒေါ်လာ ၇၅၈.၆၄၆ သန်း ကုန်သွယ်နိုင်ခဲ့ပေမယ့်လည်း အရင်နှစ် ကာလတူကထက် ပို့ကုန်ရောသွင်းကုန်ပါ လျော့ကျနေခဲ့ကာ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၃၃၇ ဒသမ ၃၅၈ သန်းအထိ လျော့ကျခဲ့တယ်လို့ သိရပါတယ်။