ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ IAEA သည် အမေရိကန်၏ စကားပြောခွက် ဖြစ်သည်ဟု မြောက်ကိုရီးယား ဝေဖန်
ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့သည် အမေရိကန်က ဦးဆောင်ပြုလုပ်နေသည့် ဖိအားပေးမှုအစီအစဉ်တွင် ပူးပေါင်းပါဝင်ကာ မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက် တစ်ရပ်ကို လုပ်ကြံဖန်တီးနေသည်ဟု မြောက်ကိုရီးယားက အောက်တိုဘာ ၂ ရက်တွင် စွပ်စွဲခဲ့ပြီး ၎င်းအဖွဲ့သည် အမေရိကန်၏ စကားပြောခွက်အဖြစ် အလုပ်လုပ်ပေးနေသည်ဟုလည်း ပြောကြားခဲ့သည်။