အောက်တိုဘာ ၅ ရက်မနက်ပိုင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု)
■ ထိုင်းရေနံကုမ္ပဏီ PTTEP က မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော သဘာဝဓာတ်ငွေ့လုပ်ကွက်နှစ်ခုကို စာချုပ်သက်တမ်းတိုးရန် ဆန္ဒရှိနေ
■ ဘန်ကောက်မြို့ဈေးဝယ်စင်တာ ပစ်ခတ်မှုဖြစ်စဉ်တွင် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား၏ ဈာပနကို အောက်တိုဘာ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ကရုဏာကြေးရရှိရေး မြန်မာသံရုံးက ဆောင်ရွက်ပေးနေ
■ ဖားကန့်တွင် အချဉ်ပေါင်းရောင်းသူတစ်ဦး ပစ်သတ်ခံရ
■ ဘန်ကောက်ရှိ ဈေးဝယ်ကုန်တိုက်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လက်နက်ထိန်းချုပ်ရေးအစီအစဉ်များ လုပ်ဆောင်သွားမည် ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
■ ၎င်းအား ခြိမ်းခြောက်မှုအဖြစ် တံဆိပ်ကပ်ခဲ့သည့် အမေရိကန်၏ ထုတ်ပြန်ချက်ကို ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟု မြောက်ကိုရီး ယား ပြောကြား
■ လူငယ်များကြောင့် အသင်းကြီးဖြစ်လာရန် ချယ်လ်ဆီး အချိန်ယူရမည်ဟု ပိုချက်တီနို ဝန်ခံ