သြစတြေးလျ၏ ဝီတိုရိယပြည်နယ်တွင် တောမီးရှောင်သောနယ်ခံများ ၂၄ နာရီအတွင်း ရေကြီးမှုသတိပေးချက်ကို ကြုံတွေ့ရ
သြစတြေးလျနိုင်ငံ၊ ဝီတိုရိယပြည်နယ် ဒေသတွေမှာရှိတဲ့နယ်ခံတွေဟာ တောမီးအန္တရာယ်ကို ရှောင်ပြေးခဲ့ပြီးနောက် ၂၄ နာရီမပြည့်မီ သည်းထန်တဲ့မိုးတွေက အဲဒီပြည်နယ်မှာရှိတဲ့ တောမီးတွေကို ရေလောင်းသလိုဖြစ်ခဲ့ပြီး မြစ်တွေရေလျှံလာတာ ကြောင့် ပြည်နယ်အာဏာပိုင်တွေက ရေကြီးမှုသတိပေးချက်ကို အခုအခါ ထုတ်ပြန်ထားပါတယ်။