■ အစ္စရေးနှင့် ဟားမာ့စ်တို့ စစ်ပွဲဖြစ်ပွားမှုကြောင့် စားနပ်ရိက္ခာထောက်ပံ့မှုအပေါ် သက်ရောက်မှုရှိလာမည်ကို ကုလသမဂ္ဂ စိုးရိမ်နေ
အစ္စရေးနှင့် ဟားမာ့စ်တို့အကြား စစ်ပွဲဖြစ်ပွားမှုကြောင့် မရှိမဖြစ်လိုအပ်သော စားနပ်ရိက္ခာ အထောက်အပံ့များရရှိရန် ရုန်းကန်နေရသည့် အရပ်သားများအတွက် အလွန်အမင်း စိုးရိမ်မိကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။