နမ့်ခမ်းမြို့တွင် တစ်ပတ်အတွင်း ကလေးပြန်ပေးဆွဲငွေညှစ်မှု နှစ်ကြိမ်ဖြစ်ပွားပြီး ကလေးပြန်ပေးဆွဲ ငွေညှစ်သည့်အဖွဲ့မှ တစ်ဦး အသေ၊ သုံးဦး အရှင်ဖမ်းမိ
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် နမ့်ခမ်းမြို့၌ တစ်ပတ်အတွင်း ကလေးပြန်ပေးဆွဲငွေညှစ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းနှင့် နမ့်ခမ့်မြို့ စာရေးတန်ရပ်ကွက်၌ အောက်တိုဘာ ၉ ရက် နံနက် ၈ နာရီ မိနစ် ၂၀ ခန့်က ကလေးပြန်ပေးဆွဲငွေညှစ်သည့်အဖွဲ့မှ တစ်ဦး အသေ၊ သုံးဦး အရှင်ဖမ်းမိကာ ပြန်ပေးဆွဲခံရသည့် ကလေးငယ်ကို ရွှေလီဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုပေးနေကြောင်း ဒေသခံများထံမှ သိရသည်။