ဂါဇာကို နောက်ထပ်လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီးနောက် ဂါဇာနယ်စပ်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု အစ္စရေး ပြောကြား
အစ္စရေးစစ်တပ်က ၎င်းတို့သည် ဂါဇာနယ်စပ်ကို ပြန်လည်ထိန်းချုပ်ထားသည်ဟု အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားလိုက်ပြီး ဟားမာ့စ်စစ်သွေးကြွများ၏ အောက်တိုဘာ ၇ ရက်အကြီးစားထိုးစစ်အတွင်းအတား အဆီးများ ဖြိုချခဲ့ရာနေရာများတွင်အစ္စရေးက မိုင်းများထောင်နေသည်ဟု ဆိုသည်။