ဆီးရီးယားလေဆိပ်ကြီးနှစ်ခုကို အစ္စရေးက တိုက်ခိုက်သောကြောင့် ယင်းလေဆိပ်များတွင် လေယာဉ်များ အတက်အဆင်းလုပ်၍ မရတော့ဟု ဆီးရီးယားအစိုးရ မီဒီယာက ကြေညာ
ဆီးရီးယားလေဆိပ်ကြီးနှစ်ခုကို အစ္စရေးက တိုက်ခိုက်သောကြောင့် ယင်းလေဆိပ်များတွင် လေယာဉ်များ အတက်အဆင်းလုပ်၍ မရတော့ဟု ဆီးရီးယားအစိုးရ မီဒီယာက ကြေညာ
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဆီးရီးယားနိုင်ငံရဲ့ လေဆိပ်ကြီးနှစ်ခုဟာ အောက်တိုဘာ ၁၂ ရက်မှာ လေယာဉ်တွေ အတက်အဆင်းလုပ်လို့မရတော့ဘူးလို့ ဆီးရီးယားအစိုးရရုပ်သံက သတင်းဖော်ပြခဲ့ပြီး အခုတိုက်ခိုက်မှုတွေဟာ အောက်တိုဘာ ၇ ရက်မှာ ဟားမာ့စ်စစ်သွေးကြွတွေက အစ္စရေးကိုတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဆီးရီးယားလေဆိပ်တွေကို အစ္စရေးရဲ့ ပထမဆုံး တိုက်ခိုက်မှုတွေဖြစ်လာပါတယ်။