■ ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ဝင်ငွေများကို ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လွှဲသည့်အပေါ် EV ကားတင်သွင်း ခွင့် ပါမစ်ခွင့်ပြုမည့်အစီအစဉ် အောက်တိုဘာ ၁၆ ရက်တွင် စတင်မည်
■ လက်ရှိထုတ်ပြန်ထားသည့် အခြေခံစပါးဈေးနှုန်းသည် အရောင်းအဝယ်ပြုလုပ်ရမည့် ဈေးမဟုတ်ဘဲ ဈေးကွက်အတွင်း အခြေခံဈေး အောက် စပါးဈေးကျဆင်းမသွားစေရေးဆောင်ရွက်ခြင်းသာဖြစ်ကြောင်း MRF ဥက္ကဌ ပြောကြား
■ မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှ ဆက်သွယ်ရေးနှင့်အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်သည်ဟုဆိုကာ UWSA မှ အရာရှိ နှစ်ဦးအား တရုတ်ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်
■ ဂါဇာကမ်းမြောင်ဒေသတွင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သူအရေအတွက် ၄၂၃၀၀၀ ကျော်အထိ မြင့်တက်လာ
■ ဖိလစ်ပိုင်သမ္မတက တော်လှန်ရေးနေ့အထိမ်းအမှတ် အစိုးရရုံးပိတ်ရက်ကို ဖျက်သိမ်း
■ အာဖဂန်နစ္စတန်တွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် သေဆုံးသူ ရာခိုင်နှုန်း ၉၀ ကျော်သည် အမျိုးသမီးများနှင့်ကလေး များ ဖြစ်ဟု ကုလသမဂ္ဂထုတ်ပြန်
■ ၂၀၂၃ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အုပ်စုရွေးချယ်ပွဲတွင် လက်ရှိချန်ပီယံဆီနီဂေါအသင်း ကင်မရွန်း၊ ဂီနီ၊ ဂမ်ဘီယာ တို့နှင့်အတူ အုပ်စုကျပ်အတွင်း ကျရောက်