ချစ်ဇနီး၊ ချစ်သမီးလေးတို့နဲ့ ဝေးရာအရပ်ဆီ . . .

ချစ်ဇနီး၊ ချစ်သမီးလေးတို့နဲ့ ဝေးရာအရပ်ဆီ . . .
Published 21 October 2023

■ ချစ်ဇနီး၊ ချစ်သမီးလေးတို့နဲ့ ဝေးရာအရပ်ဆီ . . .

အမြဲတမ်း ပြုံးရယ်နေတတ်ပြီး သဘောကောင်းတဲ့ ကိုမျိုးကိုထွေးကို ရွှေပြည်သာမြို့နယ်၊ ဘုံရှည်ကုန်းမှာ မသိတဲ့လူ 
အတော်ရှားပါတယ်။ ငယ်ငယ်ကတည်းက အလှူအတန်း၊အပေးအကမ်းရက်ရောတတ်တဲ့သူ ကိုမျိုးကိုထွေးဟာ ပရဟိတလုပ်ငန်းတွေဆောင်ရွက်ရာမှာ အမြဲတမ်းတက်ကြွနေတတ်သူပါ။ သူ့ရဲ့အချိန်အများစုကိုလည်း ပရဟိတလုပ်ငန်းတွေထဲမှာ မြှုပ်နှံထားခဲ့သူပါ။ 

ပရဟိတလုပ်ငန်းတွေဆိုတာ တစ်ခါတစ်ရံကံကြမ္မာကြိုးတန်းပေါ် လမ်းလျှောက်ရတတ်တာမလို့ သူ့မိသားစုနဲ့ သူ့ ဇနီးသည်ဆီက တားမြစ်တာခံရတတ်ပေမဲ့ ကိုမျိုးကိုထွေးကတော့ ပရဟိတလုပ်ငန်းတွေအတွက် ပျက်ကွက်ခဲ့တာ 
ဘယ်တော့မှ မရှိခဲ့ပါဘူး။

ကိုမျိုးကိုထွေးရဲ့ ပုခုံးထက်ထမ်းပိုးထားတဲ့ ဆန္ဒဟာ သူ့ဇနီးသည်လေးနဲ့ သမီးငယ်လေးတို့ကို ကောင်းကောင်းမွန်မွန် ထားနိုင်ဖို့နဲ့ ဝါသနာပါရာ ပရဟိတလုပ်ငန်းတွေအတွက် သူ့ဘဝတစ်လျှောက် လုပ်ကိုင်သွားဖို့ပါ။ ဒါပေမဲ့ ကိုမျိုးကိုထွေးတစ်ယောက် မမျှော်လင့်ထားတဲ့အချိန်မှာ သူ့ရဲ့ ချစ်ဇနီး၊ ချစ်သမီးလေးတို့ရဲ့ ဝေးရာ၊ သူ ဝါသနာပါတဲ့ ပရဟိတလုပ်ငန်းတွေရဲ့ ဝေးရာ ထာဝရကျောခိုင်းထွက်ခွာသွားခဲ့ပါတယ်။