"သုံးနှစ်ရပ်နားပြီးမှ ပြန်လည်ကျင်းပသည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားများ ဒေသစာရီ ကြွချီအပူဇော်ခံပွဲ "
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ရောဂါဆိုးနဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် သုံးနှစ်ကြာ မကျင်းပနိုင်ခဲ့တဲ့ အင်းလေးကန် ဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီလှည့်လှည်ပွဲကို အခုနှစ်မှာတော့ ပြန်လည်ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာ အင်းရိုးရာ လှေပြိုင် ပွဲတွေပါ ပြန်လည်ကျင်းပခဲ့ပါတယ်။ နှစ်စဉ်ရိုးရာမပျက် ကျင်းပလာသော အင်းလေးကန်ဖောင်တော်ဦးမြတ်စွာဘုရားများ ဒေသ စာရီပွဲတော်ဟာ နှစ်သက်တမ်းပေါင်း ၄၀၅ နှစ် အတွင်း အစဉ်အလာမပျက်ကျင်းပလာခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါ တယ်။