နိုဝင်ဘာ ၄ ရက် ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
■ မြန်မာ - တရုတ် နှစ်နိုင်ငံစီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေး
■ ဈေးနှုန်း တည်ငြိမ်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများ စာရင်းပြုစုထားနိုင်ရေး ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက်သိုလှောင်သည့် သိုလှောင်ရုံအားလုံး နိုဝင်ဘာ ၃ ရက်မှစ၍ မှတ်ပုံတင်ရမည်
■ ဂါဇာမှ ရောက်လာသော နိုင်ငံခြားသား ၇၀၀၀ ခန့်ကို အကူအညီပေးနေသည်ဟု အီဂျစ်အစိုးရပြောကြား
■ ဘင်္ဂလားဒေ့ရှ်တွင် အထည်ချုပ်စက်ရုံဝန်ထမ်းများက လုပ်ခလစာငွေ တိုးမြှင့်ပေးရန် တောင်းဆိုဆန္ဒပြနေသဖြင့် ရာ နှင့်ချီသည့် အထည်ချုပ်စက်ရုံများ ပိတ်ထားရ
■ Meta စီအီးအို မာ့ခ်ဇူကာဘက် MMA လေ့ကျင့်ရာမှ ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့သဖြင် ခွဲစိတ်ကုသမှု ခံယူရ
■ စပါးအသင်းကို အနိုင်ယူနိုင်စွမ်းရှိကြောင်း ချယ်လ်ဆီးနောက်ခံလူ ကော်ဝဲလ် ကြုံးဝါး