ပါလက်စတိုင်းများ လိုက်ပါလာသည့် ကားတစ်စီးက အစ္စရေးတပ်ဖွဲ့ဝင်များကို ဝင်တိုက်ခဲ့၍ အစ္စရေး စစ်တပ်အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်သူနှစ်ဦး သေဆုံး
မတ်လ ၄ ရက်နေ့က အစ္စရေးသိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသမှာ ပါလက်စတိုင်းတွေ လိုက်ပါလာတဲ့ ကားတစ်စီးက အစ္စရေးတပ်ဖွဲ့ဝင်တွေကို ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့တာကြောင့် အရာရှိတစ်ဦး အကြီးအကျယ် ဒဏ်ရာရခဲ့ပြီး တိုက်ခိုက်သူ နှစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။