ပုဂံဒေသသို့ သီတင်းကျွတ်ရုံးပိတ်ရက်များတွင် လာရောက်သူ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်သုံးသိန်းကျော် ဝင်ရောက်ခဲ့ပြီး အောက်တိုဘာတစ်လလုံးတွင် လူဦးရေငါးသိန်းကျော် စံချိန်တင် ဝင်ရောက် (ရုပ်သံ)
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို Covid -19 ကပ်ရောဂါဖြစ်ခဲ့တဲ့ ၂၀၁၉ ခုနှစ်နောက်ပိုင်း လေးနှစ်အတွင်း ပုဂံဒေသကို သီတင်းကျွတ်လပြည့်နေ့ ရုံးပိတ်ရက်တွေမှာ လာရောက်လည်ပတ်ကြတဲ့ ပြည် တွင်းပြည်ပခရီးသွားဧည့်သည် သုံးသိန်းကျော်ဝင်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့အောက်တိုဘာလတစ်လလုံးမှာ လူဦးရေငါးသိန်းကျော် စံ ချိန်တင် ဝင်ရောက်ခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားညွန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) က လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးမင်း အောင်က ပြောပါတယ်။