တောင်ကြီးမြို့တွင် ပအိုဝ်းတိုင်းရင်းသားများ၏ မီးပဒေသာပူဇော်ပွဲကို လူအင်အား ၃၀၀၀ ကျော်ခန့်ဖြင့် လှည့်လည်
တောင်ကြီးမြို့နယ်၊ ကျောက်တစ်လုံးကြီး မြို့နယ်ခွဲ တို့မှ ပအိုဝ်းတိုင်းရင်းသားတွေဟာ တန်ဆောင်မုန်း လပြည့်နေ့ မတိုင်ခင် အဖိတ်နေ့ နိုဝင်ဘာ ၂၁ ရက် ညနေခင်း ၆ နာရီခွဲ အချိန်က တောင်ကြီးမြို့ စူဠာမုနိ လောကချမ်းသာ စေတီတော်ကြီးသို့ မီးပဒေသာပူဇော်ပွဲကို လူအင်အား ၃၀၀၀ ကျော်ခန့်ဖြင့် မြို့တွင်း ကနေ စတင်လှည့်လည်ခဲ့ပါတယ်။