■ နမ့်ခမ်းမြို့၌ နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်သူ ၁၀၀၀၀ ဝန်းကျင်ရှိလာပြီး တိုက်ပွဲကြောင့် အရပ်သား ငါးဦးကျော် သေဆုံးခဲ့ပြီး နေအိမ်များ မီးလောင်ခြင်းအပါအဝင် သာသနိကအဆောက်အဦနှင့် အိုးအိမ်များထိခိုက်ပျက်စီး
■ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နမ့်တစ်အထူးမြို့နယ်၌ နေ့စဉ်လူဦးရေ ၁၀၀၀ မှ ၃၀၀၀ ကြား စစ်ဘေးရှောင်လာကြပြီး စစ်ဘေးရှောင် ၁၅၀၀၀ ခန့်ရှိနေ
■ ရခိုင်ပြည်နယ်ရှိ မြို့နယ်များသို့ ပြေးဆွဲနေသည့် ရွှေပြည်တန် အမြန်ရေယာဉ်ခရီးစဉ်များ ခရီးစဉ်ပြေးဆွဲမှု ယာယီရပ်နား
■ လောက်ကိုင်မြို့အဝင်အထွက် ပိတ်ထားပြီး မြို့တွင်း ပုံမှန်အတိုင်းသွားလာရောင်းဝယ်လျက်ရှိ
■ ရုရှား၏ ဆောင်းတွင်း ထိုးစစ်အတွက် ယူကရိန်းသားများ ပြင်ဆင်ထားရမည်ဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီး သတိပေး