နမ့်ခမ်းမြို့၌ နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်သူ ၁၀၀၀၀ ဝန်းကျင်ရှိလာပြီး တိုက်ပွဲကြောင့် အရပ်သား ငါးဦးကျော် သေဆုံးခဲ့ပြီး နေအိမ်များ မီးလောင်ခြင်းအပါအဝင် သာသနိကအဆောက်အဦနှင့် အိုးအိမ်များထိခိုက်ပျက်စီး
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့၌ တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့မှုကြောင့် အိုးအိမ်နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်သူ ၁၀၀၀၀ ဝန်းကျင် ရှိလာပြီး အရပ်သား ငါဦးကျော်သေဆုံးခဲ့ပြီး နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး သာသနိကအဆောက်အဦနှင့် အိုးအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။