ဂါဇာဒေသတွင် ဖြစ်ပွားနေသည့် ရက်စက်ကြမ်းကြုတ်မှုများ အဆုံးသတ်ရေးနှင့် အပစ်ရပ်စဲရေးအတွက် အကူအညီပေးရန် သမ္မတဘိုင်ဒင်ကို အင်ဒိုနီးရှားသမ္မတ တိုက်တွန်း
နိုဝင်ဘာ ၁၃ ရက်က အိမ်ဖြူတော်သို့ အလည်အပတ်လာရောက်စဉ်အတွင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် ဂါဇာဒေသတွင် ဖြစ်ပွားနေသည့် ရက်စက်ကြမ်းကြုတ်မှုများ အဆုံးသတ်ရေးနှင့် အပစ်အခတ်ရပ်စဲရေးအတွက် အကူအညီပေးရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို အလေးအနက် တိုက်တွန်းခဲ့ ကြောင်း သိရသည်။