တောင်တရုတ်ပင်လယ်၌ တင်းမာမှုများလျှော့ချနိုင်ရေးအတွက် နည်းလမ်းရှာဖွေရန် သမ္မတမားကို့စ်နဲ့ သမ္မတရှီကျင်းပင်တို့ တွေ့ဆုံ
နိုဝင်ဘာ ၁၈ ရက်က ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဟာ တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံခဲ့ပြီး တောင်တရုတ် ပင်လယ်မှာ တင်းမာမှုတွေဖြစ်ပွားနေတာကို လျှော့ချရေးနဲ့ ငါးဖမ်းလုပ်ကွက်တွေဆီကို ဖိလစ်ပိုင်ငါးဖမ်းသမားတွေ ပြန်လည်ဝင် ရောက်နိုင်ရေးအတွက် နည်းလမ်းတွေ ရှာဖွေခဲ့တယ်လို့ သိရပါတယ်။