နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၁၀၁၇ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းခဲ့ဟု ထုတ်ပြန် (ရုပ်သံ)
နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိတဲ့ ပြည်ပနိုင်ငံသားတွေကို စိစစ်ဖော်ထုတ်လျက်ရှိရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၉၃၅ ဦး၊ အမျိုးသမီး ၈၂ ဦး၊ စုစုပေါင်း ၁၀၁၇ ဦးကို ဖော်ထုတ်ရရှိခဲ့ ကာ ဥပဒေနဲ့အညီ လိုအပ်တဲ့ စိစစ်တာတွေဆောင်ရွက်ခဲ့ပြီးနောက် တရုတ်နိုင်ငံတာဝန်ရှိသူတွေထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရပါတယ်။