ဇလုံတောင်တက်ယာဉ်များအား တောင်တက်ခကောက်ခံမှုနှင့်ပတ်သက်သည့် တွေ့ရှိချက်များကို စစ်ကိုင်းတိုင်းလွှတ်တော်သို့ တင်သွင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်ရှိဇလုံတောင်သို့ ဘုရားဖူးရာသီ၌ တောင်တက်မော်တော်ယာဉ်များအားတောင်တက်ခကောက်ခံမှုနဲ့ပတ်သက်ပြီးတွေ့ရှိချက်အစီရင်ခံစာကိုစစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီကတိုင်းလွှတ်တော်သို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။