မန္တလေး-မြစ်ကြီးနားပြည်ထောင်စုကားလမ်း မိုးညှင်း-အင်းတော်လမ်းပိုင်းပိတ်ထားမှုကြောင့် ကချင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်း နှစ်ဆတက်လာ(ရုပ်သံ)
ပြည်ထောင်စုကားလမ်းပေါ်ရှိ မိုးညှင်း-အင်းတော်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် လမ်းပိတ်ထားပြီး ကချင် ပြည်နယ်အတွင်းမှာ ကုန်ဈေးနှုန်း နှစ်ဆတက်လာကြောင်း မြစ်ကြီးနား၊မိုးညှင်း၊မိုးကောင်း၊ဟိုပင်ဒေသခံများက ဆိုသည်။