နိုဝင်ဘာ ၂၃ ရက်မနက်ခင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု)
■ ရှမ်း၊ စစ်ကိုင်း၊ ကယား၊ရခိုင်နှင့် ချင်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် လူ ၂၈၆၀၀၀ ကျော်အိုးအိမ်စွန့်ခွာခဲ့ရပြီး နေရပ်စွန့်ခွဲရသည့်အခြေအနေသည် စိုးရိမ်ဖွယ်ရာ မြင့်တက်နေဟု UNOCHA ထုတ်ပြန်
■ ရန်ကုန်မြို့တွင် ပေါ်တာဆွဲခြင်းမရှိဘဲ သတင်းအမှားသာဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြ
■ ယခုနှစ်တွင် ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ပြုလုပ်တော့မည် မဟုတ်ကြောင်း သိရ
■ နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၁၈၅၉ ဦးကို တရုတ်နိုင်ငံသို့ ထပ်မံလွှဲပြောင်း
■ ရန်ပုံငွေနည်းပါးလာမှုကြောင့် ဆူဒန်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာအထောက်အပံ့များ ရပ်တန့်ရမည့်အခြေအနေသို့ ရောက်ရှိနေကြောင်း WFP သတိပေး
■ ဘိုင်ယန်မြူးနစ်တွင် ဘွန်ဒစ်လီဂါနှင့် ချန်ပီယံလိဂ်ဖလားများ ရယူနိုင်ရန် ဟာရီကိန်း ရည်မှန်းထား