ရှမ်း၊ စစ်ကိုင်း၊ ကယား၊ရခိုင်နှင့် ချင်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် လူ ၂၈၆၀၀၀ ကျော်အိုးအိမ်စွန့်ခွာခဲ့ရပြီး နေရပ်စွန့်ခွဲရသည့်အခြေအနေသည် စိုးရိမ်ဖွယ်ရာ မြင့်တက်နေဟု UNOCHA ထုတ်ပြန်
ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်း၊ စစ်ကိုင်း၊ ကယား၊ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းအတွင်း တိုက်ပွဲတွေကြောင့် လူ ၂၈၆၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး နေရပ်စွန့်ခွဲရတဲ့အခြေအနေဟာ စိုးရိမ်ဖွယ်ရာ မြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂလူသားချင်းဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က နိုဝင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။