ဂါဇာရှိ အယ်လ်ရှီဖာဆေးရုံဘေးတွင် အခိုင်အမာဆောက်ထားသော ဥမင်လိုဏ်ခေါင်း၏ပုံကို အစ္စရေးစစ်တပ်က ထုတ်ဖော်ပြသ
အစ္စရေးစစ်တပ်ဟာ ဂါဇာမှာရှိတဲ့ အယ်လ် ရှီဖာဆေးရုံဘေးမှာ အခိုင်အမာတည်ဆောက်ထားတဲ့ ဥမင်လိုဏ်ခေါင်းရဲ့ပုံ ကို နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ဖော်ပြသလိုက်ပြီး အဆိုပါ ဥမင်မှာ ရေချိုးခန်း၊ မီးဖိုဆောင်၊ လေအေးပေးစက်တပ်ထားတဲ့ အစည်းအဝေးခန်းတို့ကိုတွေ့ရပြီး ဟားမာ့စ်တိုက်ခိုက်ရေးသမားတွေအတွက် ကွပ်ကဲရေးဌာနအဖြစ် အသုံးပြုတဲ့ နေရာဖြစ်တယ် လို့ ဆိုပါတယ်။