အိုင်ယာလန်မြို့တော်၊ ဒဗ္ဗလင်တွင် စာသင်ကျောင်းအပြင်ဘက် ဓားဖြင့်တိုက်ခိုက်မှုအတွင်း ကလေးသုံးဦး ဒဏ်ရာရခဲ့ပြီးနောက် ပြင်းထန်သည့် အဓိကရုဏ်းပေါ်ပေါက်
အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့က စာသင်ကျောင်းတစ်ကျောင်းရဲ့အပြင်ဘက်မှာ ဓားနဲ့တိုက်ခိုက်မှုအတွင်း ကလေးသုံးဦး ဒဏ်ရာရသွားခဲ့ပြီးနောက် နိုဝင်ဘာ ၂၃ ရက်မှာ ဆန္ဒပြသူတွေက ရဲတွေကို ပုလင်းတွေနဲ့ပစ်ပေါက်တာ၊ ကားတွေကို မီးရှို့တာ၊ ဈေးဆိုင်တွေကိုဝင်ရောက်လုယက်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။