ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစီမံကိန်းအနီးရှိ အောင်သပြေကျေးရွာ ဆိုင်းဘုတ်ဖျက်ဆီးခံရမှုအပေါ် ဒေသခံများက ကုမ္ပဏီတာဝန်ရှိသူနှင့်လမ်းကော်မတီဝင်များကို တရားစွဲဆိုထားမှု ပုသိမ်ကြီးမြို့နယ်တရားရုံးက အမှုမှ တရားသေလွှတ်ပေး
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် ကျောက်မီးသွေးစွမ်းအင် သုံးဘိလပ်မြေ စက်ရုံစီမံကိန်းသို့သွားတဲ့ အောင်သပြေ-သရက်ကိုင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အောင်သပြေကျေးရွာ ဆိုင်းဘုတ်ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ဒေသခံများက မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ အပါအဝင်ရှစ်ဦးတို့ကို ရာဇသတ်ကြီး ပုဒ်မ ၄၂၇(အကျိုးဖျက်ဆီးမှု)ဖြင့် တရားစွဲဆိုထားမှုမှာ ပုသိမ်ကြီးမြို့နယ်တရားရုံးက အမှုမှ တရားသေလွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။