တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကုန်ရှိ ရွှေတိဂုံစေတီတော်နှင့်ဗိုလ်တထောင်ဘုရား၊ မန္တလေးမဟာမုနိဘုရားကြီးတို့တွင် ဘုရားဖူးများပြားခဲ့ပြီး မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက်တွင်လည်း ရှင်ဥပဂုတ္တမထေရ်မြတ်ပူဇော်ပွဲနှင့်ဆွမ်းအိုးမျှောကုသိုလ်ပြု သူများပြားခဲ့ (ရုပ်သံ
ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်တော်နေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင်ဘုရားအပါအဝင် ဘုရားစေတီတွေ၊ မန္တလေးမဟာ မုနိဘုရားကြီးတို့မှာ ဘုရားဖူးကုသိုလ်ပြုသူတွေများပြားခဲ့ပြီး မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက်မှာလည်း ရှင်ဥပဂုတ္တမထေရ် မြတ်ပူဇော်ပွဲနဲ့ ဆွမ်းအိုးမျှောကုသိုလ်ပြုသူများပြားခဲ့တယ်လို့ သိရပါတယ်။