ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အတိုက်အခံများကို ပြင်းပြင်းထန်ထန်ဖိနှိပ်ကာ လူထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ဟု HRW ပြောကြား
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ လာမယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ပြိုင်ဘက်တွေကို ဖယ်ရှားဖို့အတွက် တက်ကြွလှုပ်ရှားသူ ၁၀ဝဝဝ နီးပါးကို ဖမ်းဆီးမှုအပါအဝင် အတိုက်အခံပါတီတွေအပေါ် အင်အားသုံးဖိနှိပ်မှုတွေ ကျယ်ကျယ်ပြန့် ပြန့်လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ HRW က နိုဝင်ဘာ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။