နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၅၅၃ ဦး ထပ်မံလွှဲပြောင်းပေးခဲ့ပြီး စုစုပေါင်း ၉၁၉၄ ဦး လွှဲပြောင်းပြီးဖြစ်ဟု နစက ထုတ်ပြန်
နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၅၅၃ ဦး ထပ်မံလွှဲပြောင်းပေးခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်အထိ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား စုစုပေါင်း ၉၁၉၄ ဦးအား တရုတ်နိုင်ငံ တာဝန်ရှိသူများထံ လွှဲပြောင်းပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။