မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပိတ်မိနေသည့်ပြည်သူများကို သွားရောက်ကယ်ထုတ်သော ပရဟိတ အသင်းမော်တော်ယာဉ် ပစ်ခတ်ခံရကာ စစ်ရှောင်နှစ်ဦး သေနတ်ကျည် ထိမှန်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အနီး၊ မိုင်းယုကျေးရွာအုပ်စုတိုက်ပွဲအကြား နိုဝင်ဘာ ၃၀ ရက်က ပိတ်မိနေတဲ့ဒေသခံကို မူဆယ်မြို့ရှိ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့တွေက သွားရောက် ကယ်ထုတ် ပေးနေစဉ် ပရဟိတအသင်း မော်တော်ယာဉ်တစ်စီး ပစ်ခတ်ခံခဲ့ရကာ အမျိုးသမီးနှစ်ဦး သေနတ်ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့တယ် လို့ သိရပါတယ်။