ဘုရားသုံးဆူမြို့တွင် မီးလောင်မှုဖြစ်ပွားနေစဉ် ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသည့် ဆိုင်တစ်ဆိုင်အား ဓါးပြဝင်တိုက်သွားဟုဆို
ကရင်ပြည်နယ်၊ ကြာအင်းဆပ်ကြီးမြို့နယ်၊ ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ နိုဝင်ဘာလ (၃၀) ရက် မွန်းလွဲပိုင်း အချိန်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားနေစဉ် ငွေလွှဲလုပ်ငန်းလုပ်ကိုင်တဲ့ ဆိုင်တစ်ဆိုင်ကို ဓါးပြဝင်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။