ကော့ကရိတ်မြို့ပတ်ဝန်းကျင်နှင့် အာရှလမ်းဘက်တွင် တိုက်ပွဲပြင်းထန်နေခြင်းကြောင့် အဆောက်အဦနှင့်မော်တော်ယာဉ်အချို့ မီးလောင်ပျက်စီးကာ ကုန်တင်ယာဉ်အများအပြား ပိတ်မိနေ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပတ်ဝန်းကျင်နဲ့ အာရှလမ်းဘက်တို့မှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ တပ်မတော်၊ လုံခြုံရေး တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ရုံးအဆောက်အဦနှင့် မောင်တော်ယာဉ်အချို့ မီးလောင်ပျက်စီးပြီး အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိကာ နယ်စပ်ကုန်တင်ယာဉ်အများအပြား ပိတ်မိနေကြောင်း ကော့ကရိတ်ဒေသခံတွေထံက သိရပါတယ်။