နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခန္တီးမြို့လူထုတွေ့ဆုံပွဲတွင် ဒေသခံများက နန်စီပွန်ကျောက်စိမ်းမှော်ရှိ လုပ်ကိုင် ခွင့်ရ ကုမ္ပဏီများ၏ စက်ယန္တရားများကို ပြန်လည်စိစစ်ပေးရန် တင်ပြတောင်းဆို
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ မတ်လ ၆ ရက် က ခန္တီးဒေသခံများနဲ့ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ဒေသခံများက နန်စီပွန်ကျောက်စိမ်းမှော်ရှိ လုပ်ကိုင်ခွင့်ရ ကုမ္မဏီများရဲ့ စက်ယန္တရားများကို ပြန်လည်စိစစ်ပေးရန်နဲ့ မှန်ကန်တဲ့တရားဥပဒေစိုးမိုးမှု ဖြစ်စေရန် အဓိကတင်ပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။