ဒီဇင်ဘာ ၆ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
■ မြန်မာနိုင်ငံတစ်ဝန်းတွင် အောက်တိုဘာ ၂၇ ရက်မှစပြီး လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာမှုကြောင့် တိုင်းနှင့်ပြည်နယ် အသီးသီး၌ လူဦးရေတစ်သန်းခွဲကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း UNOCHA ထုတ်ပြန်
■ မန္တလေးနှင့် တောင်ငူမြို့တို့တွင် စက်သုံးဆီဆိုင်အချို့ ဆီပြတ်လပ်နေပြီး ရောင်းချပေးသော ဆိုင်အနည်းငယ်တွင်သာ အချိန်ကြာ မြင့်စွာ တန်းစီဝယ်ယူနေရ
■ ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီခံခရိုင်တွင် နှစ်ထပ်ဘတ်စ်ကားတစ်စီး သစ်ပင်ကိုဝင်တိုက်မိသောကြောင့် ခရီးသည် ၁၄ ဦး သေဆုံးကာ ၃၀ ကျော်ဒဏ်ရာရပြီး ၎င်းတို့ထဲတွင် မြန်မာအချို့ပါဝင်နေဟု ဆို
■ ဂါဇာဒေသတွင် ဟားမာ့စ်တိုက်ခိုက်ရေးသမားတစ်ဦးကို သုတ်သင်တိုင်း အရပ်သားနှစ်ဦး သေဆုံးနေရဟု အစ္စရေး စစ်တပ် ဝန်ခံ
■ ယူကရိန်းအတွက် အမေရိကန်အကူအညီများ ဖြတ်တောက်လိုက်မည်ဆိုပါက ယူကရိန်းစစ်ပွဲတွင် ရုရှားသမ္မတဗလာ ဒီမာပူတင် အလွယ်တကူအနိုင်ရသွားနိုင်သည်ဟု အိမ်ဖြူတော် သတိပေး
■ ဝတ်ပြုဆုတောင်းပွဲအတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ သံသယရှိသူလေးဦးကို ဖိလစ်ပိုင်စစ်တပ်က လိုက်လံ ဖမ်းဆီး
■ အာဆင်နယ်အတွက် ပွဲ ၂၀၀ ပြည့်သည့်စတုတ္ထမြောက် အသက်အငယ်ဆုံးကစားသမားအဖြစ် ဆာကာမှတ်တမ်းဝင်